စက်မှုဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း အမြန်ဆုံးပြီးစီးလည်ပတ်နိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှုဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း အမြန်ဆုံးပြီးစီးလည်ပတ်နိုင်ရေး ဆွေးနွေး


နေပြည်တော်၊ ဩဂုတ် ၂၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်မှုဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း အမြန်ဆုံးပြီးစီးလည်ပတ်နိုင်ရေးအတွက် ရိုးမတ်နည်းစဉ်အသုံးပြု သံရည်ကျိုမီးဖို၊ အောက်ဆီဂျင် အလုပ်ရုံတို့တွင် စက်ပစ္စည်းများတပ်ဆင်ရေး၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက် နိုင်ရေးအတွက် စာချုပ်မူဘောင်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းနေမှု၊ စက်ရုံလည်ပတ်နိုင် ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးရေး၊ နှစ်ဖက်အပြီးသတ်ဆွေးနွေးညှိနှိုင်းပြီးစီး ပါက စာချုပ်မူဘောင် လက်မှတ်ရေးထိုးရေး၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံက ကူညီဆောင်ရွက်ပေးရေးနှင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မာစွာဖြင့် လက်တွဲဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)