ကော့ကရိတ်မြို့၌ လူထုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့၌ လူထုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

 



ကော့ကရိတ် ၊ စက်တင်ဘာ ၆


၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးရှိ မြို့မဈေးနာရီစင်ရှေ့တွင် အများပြည်သူများ လေ့လာသိရှိနိုင်စေရေးအတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း နိုင်ငံအဝန်း တပြိုင်နက်တည်း စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်းကို ပြည်သူများသိရှိစေရန် ဖြန့်ဝေခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)