သပိတ်ကျင်းမြို့နယ်အတွင်း တရားမဝင် ရွှေလုပ်ကွက်များနှင့် အကြမ်းဖက်သမား ခိုလှုံနေသည့် ပြဿနာ (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ်အတွင်း တရားမဝင် ရွှေလုပ်ကွက်များနှင့် အကြမ်းဖက်သမား ခိုလှုံနေသည့် ပြဿနာ (အိတ်ဖွင့်ပေးစာ)



မြန်မာနေရှင်နယ်ပို့မှ တဆင့် နိုင်ငံတော်အကြီးများ သိရှိစေရန် တင်ပြပေးပါ။ သပိတ်ကျင်းမြို့နယ်အတွင်း အခြေအနေမှန်ကို နိုင်ငံတော်အကြီးများ သိမည်ဆိုလျှင် အကြမ်းဖက်လှုပ်ရှားမှု ဘာကြောင့် မြင့်တက်လာသလဲဆိုတဲ့ အဖြေကို မှန်ကန်စွာ သုံးသပ်နိုင်မည်ဖြစ်ပါသည်။

ကျွန်တော်အနေဖြင့် ယခုတင်ပြမည့် အခြေအနေနှင့် ပတ်သက်၍ လွန်ခဲ့သည့် တစ်လခန့်ကတည်းက သိရှိထားပြီး ဖြစ်သော်လည်း မိမိ၏ တင်ပြမှုကြောင့် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်ပူပန်မိခြင်းကြောင့် မြိုသိပ်နေခဲ့ပါသည်။

အကြမ်းဖက်နှိမ်နင်းရေးမှာ မိမိမျှော်မှန်းသလောက် အလေးထား ဆောင်ရွက်ခြင်း မရှိသည့်အပေါ် တာဝန်ရှိသူများ မှန်ကန်စွာ သိရှိနိုင်ရေးနှင့် မှန်ကန်စွာ အဖြေထုတ်နိုင်စေရန် တင်ပြခြင်း ဖြစ်ပါသည်။

သပိတ်ကျင်းမြို့နယ်အတွင်းမှာ တရားမဝင် ရွှေတွင်းလုပ်ကွက်တွေ ဖော်ပြီး လုပ်ဆောင်နေကြပါသည်။ တရားမဝင် လုပ်နေသူများနှင့် တာဝန်ရှိသူများ ပတ်သက်နေပါသည်။ တရားမဝင် ရွှေတွင်းများတွင် အရင်းမစိုက်ဘဲ အမြတ်ရနေသူများ ရှိပါသည်။ တရားမဝင် ရွှေလုပ်ကွက်များထဲတွင် နီပိန်း ပဒက် အကြမ်းဖက်သမားတွေက ရွှေတွင်းလုပ်သားများအဖြစ် လုပ်နေကြသည်။ နယ်မြေရှင်းလင်းရေး စစ်ကြောင်းများလာတဲ့အခါ ရွှေတွင်းများမှ အရင်းမစိုက်ဘဲ အမြတ်ရနေသည့် တာဝန်ရှိသူတွေက ကြိုတင်သတင်းပေး ရှောင်ရှားခိုင်းသဖြင့် စစ်ကြောင်း သတင်းများကို အကြမ်းဖက်သမားများက အချိန်နဲ့ တပြေးညီ သတင်းရနေပါသည်။ စစ်ကြောင်းများကို စောင့်ပြီး တိုက်ခိုက်နိုင်တယ်။

ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးမထားဘဲ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင်နေကြမည် ဆိုပါက တည်ငြိမ်အေးချမ်းမှု ရနိုင်မည်မဟုတ်ပါ။ ဒေသတွင်း အကြမ်းဖက်လုပ်ရပ်များ ဆိုးရွား ပြင်းထန်လာမည် ဖြစ်ပါသဖြင့် တာဝန်ရှိသူများအနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်း တရားမဝင် ရွှေတွင်းလုပ်ကွက်များ ဖော်၍ လုပ်ကိုင်နေမှု၊ တရားမဝင် ရွှေလုပ်ကွက်များမှာ ပါဝင်ပတ်သက်နေသူများကို စိစစ်ဖော်ထုတ် အသိပေး တားမြစ်နိုင်ဖို့ လေးစားစွာ တင်ပြအပ်ပါသည်။


ဒေသခံ ပြည်သူတစ်ဦး

Join - https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)