ကမ္ဘာ့လှေ‌လှော်လေ့ကျင့်ရေးစခန်းသို့ သွားရောက်လေ့ကျင့်ခြင်းနှင့် အသက် (၁၉) နှစ်နှင့် (၂၃) နှစ်အောက် အာရှလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ လှေ‌လှော်အဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာလှေအသင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့လှေ‌လှော်လေ့ကျင့်ရေးစခန်းသို့ သွားရောက်လေ့ကျင့်ခြင်းနှင့် အသက် (၁၉) နှစ်နှင့် (၂၃) နှစ်အောက် အာရှလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ လှေ‌လှော်အဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာလှေအသင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ



ရန်ကုန် ၊ စက်တင်ဘာ ၅


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shenyang မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၁၄ ရက်နေ့အထိကျင်းပမည့် ကမ္ဘာ့လှေလှော်လေ့ကျင့်ရေးစခန်း (World Rowing Training Camp) သို့သွားရောက်လေ့ကျင့်ခြင်းနှင့် ၂၀၂၄ ခုနှစ် အသက် (၁၉) နှစ်နှင့် (၂၃) နှစ်အောက် အာရှလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲ (2024 Asian Rowing U-19 & U-23 Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာလှေအသင်းမှ အုပ်ချုပ်သူ/နည်းပြ ဒေါ်နီလာဝင်း၊ အားကစားမှူး၊ အမျိုးသားအားကစားသမားတစ်ဦးနှင့် အမျိုးသမီးအားကစားသမားတစ်ဦးတို့သည် ယမန်နေ့နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့် နည်းပြများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)