တာမွေမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





တာမွေ  ၊    စက်တင်ဘာ       ၅


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်းထောင့်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ စာကြည့်တိုက်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်များနှင့် ပတ်သက်၍ အတွေ့အကြုံများ၊ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲပြဿနာများ၊ တာမွေမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပွဲတော်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို ရှင်းလင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ပွဲတော်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို အသီးသီးတင်ပြခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ တာမွေမြို့နယ်၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်တွင် သုတ/ရသစာအုပ်စာစောင်ပြခန်းများ၊ ဓာတ်ပုံပြခန်းများ၊ ကာယ၊ဉာဏစွမ်းရည် ပြိုင်ပွဲများ၊ ကျောင်းသား/သူများ ပျော်ရွှင်စေရန် ဂိမ်းကစားနည်းပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များ၊ အသိပညာပေး ဟောပြောပွဲများကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ရေရှည် တည့်တံ့ပြီး အစဉ်အမြဲ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်ခြင်းမှ ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် တွယ်တွင်ကျယ်ကျယ် အသုံးချတတ်လာပြီး တိုင်းပြည်နှင့်လူမျိုး၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ 


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)