ဆော်ဒီအာရေဗျနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူနှစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆော်ဒီအာရေဗျနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူနှစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်


ရန်ကုန်၊ စက်တင်ဘာ ၅

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် ကြုံတွေ့ရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နှင့် Howtat Bani Tamin မြို့တို့တွင် အိမ်အကူလုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မစံပယ်ဖြူနှင့် မနီနီဝင်းတို့အား အမိနိုင်ငံသို့အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးသည် လူဝင်မှုကြီးကြပ်ရေးဌာန၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာခွင့် (Exit Permit) ရရှိခဲ့၍ စက်တင်ဘာ ၃ ရက်တွင် ရီရတ်ဒ် -နယူးဒေလီ - ရန်ကုန်လေကြောင်း ခရီးစဉ်ဖြင့်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယနေ့နံနက် ၁၁ နာရီခွဲတွင် ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာ သံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာအထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။


ညိမ်းသူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)