တာဝန်ရှိသူများ သိရှိနိုင်စေရန်နှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် သဘောထားထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာဝန်ရှိသူများ သိရှိနိုင်စေရန်နှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် သဘောထားထုတ်ပြန်ချက်

 


တာဝန်ရှိသူများ သိရှိနိုင်စေရန်နှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် သဘောထားထုတ်ပြန်ချက်

ရက်စွဲ ။  ။ ၉ - ၉ - ၂၀၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် နေထိုင်သည့် ဦးသက်ကိုကို က ၎င်းတို့ မိသားစုပိုင် စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သော စာရင်းစာရွက်စာတန်းများ၊ အိမ်ခြံမြေနှင့် သက်ဆိုင်သော စာရွက် စာတန်များ၊ မိသားစုအရေး နှင့် သက်ဆိုင်သော ကတိကဝတ်စာချုပ်စာတန်များနှင့် ပစ္စည်းများကို မော်လမြိုင်မြို့ပေါ်မှ အစ္စလာမ်ဘာသာဝင် ဒေါက်တာသန်းထွန်းဝင်း ဆိုသူက မလျော်ကန်သော နည်းဖြင့် အဓမ္မသိမ်းပိုက်ရယူသွားသည့် အခြေအနေနှင့် ပတ်သက်၍ အမျိုးသားရေးဦးဆောင် ဆရာတော်များအနေဖြင့် ရပ်တည်ကူညီပေးရန် အကူအညီတောင်းခံချက်ကို ရရှိခဲ့သည်။

ဦးသက်ကိုကို၏ လျှောက်ထားတင်ပြချက်အရ မိခင် ဒေါ်ခင်သက်ဆွေ ဗုဒ္ဓဘာသာဖြစ်ပြီး ဖခင် ဦးထွေးသွင် အစ္စလာမ်ဘာသာဝင် တို့မှ မွေးဖွားလာသော သား ၂ဦးသည် မိခင်ဘက်သို့ လိုက်၍ ဗုဒ္ဓဘာသာဝင်များအဖြစ်သာ နေထိုင်ကြသည်။ မိခင် ကွယ်လွန်ပြီးနောက် ဖခင်ဖြစ်သူက နောက်အိမ်ထောင် ၂ကြိမ် ပြုခဲ့သည်။ ဒေါ်ခင်သက်ဆွေ ကွယ်လွန်ပြီးနောက် ကရင်အမျိုး သမီးတစ်ဦးနှင့် အိမ်ထောင်ပြုပြီး လျှော်ကြေးပေး ကွာရှင်းကာ မော်လမြိုင်မြို့ပေါ်မှ ဒေါက်တာ သန်းထွန်းဝင်း ဆိုသူ စီစဉ်ပေးစားသည့် အစ္စလာမ်ဘာသာဝင် အမျိုးသမိးတစ်ဦးကို ထပ်မံ လက်ထပ် ပေါင်းသင်းခဲ့ပါသည်။

ဦးထွေးသွင် နာမကျန်းဖြစ်သည့်အချိန်တွင် ဒေါက်တာသန်းထွန်းဝင်း က အကြွေးရရန် ရှိသည်ဟု ဆိုကာ နေအိမ်၊ ခြံဝိုင်း ပိုင်ဆိုင်မှုများကို သူ၏ တစ်ဖက်သတ်အစီအစဉ်များဖြင့် စာချုပ်များ ချုပ်ဆိုထားပြီး ဦးထွေးသွင် ကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှုများအားလုံးကို သိမ်းပိုက်ရယူသွားသည့် အခြေအနေကို တွေ့မြင်ရပါသည်။

အဆိုပါ ဖြစ်စဉ်သည် ဗုဒ္ဓဘာသာ၊ အစ္စလာမ် ရောနှောနေသော မိသားစုတွင် အစ္စလာမ် အသိုင်း အဝိုင်း က ရှိသမျှ စည်းစိမ်ဥစ္စာမှန်သမျှ ဗုဒ္ဓဘာသာဝင် သားများအတွက် မကျန်ရလေအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရယူသွားသည့် အခြေအနေဖြစ်သည်ဟု ရှုမြင်ပါသည်။ တာဝန်နှင့် လုပ်ပိုင် ခွင့်ရှိသူများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၏ အားကို ရယူ၍ အနိုင်ကျင့် စော်ကား သိမ်းပိုက်ရယူ သွားခြင်းမှာ မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများအနေဖြင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုပိုင် ပစ္စည်းများကို မိသားစုဝင်များထံ ပြန်လည်လွှဲအပ်ပေးနိုင်ရန်နှင့် မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်ခဲ့ သည့် လုပ်ရပ်များအပေါ် စိစစ် အရေးယူဆောင်ရွက်ပေးနိုင်ရန် မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည် နယ်) မှ လေးစားစွာဖြင့် မေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုသည်။


မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)