ကျောက်ဆည် ၊ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇော်ဂျီမြစ်ရေများလျှံတက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ကြက်မင်းတွန်ရပ်ကွက်အတွင်း ဇော်ဂျီမြစ်ရေ ဝင်ရောက်မှုမရှိစေရေး သဲအိတ်ဖို့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးရဲဝင်းထွန်း၊ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးဦးတင်မောင်လွင်၊ ကျောက်ဆည်ပြည်သူ့စစ်မှ ဗိုလ်ကြီးအောင်ဇေလတ် စုစုပေါင်း (၇၂)ဦးတို့မှ ကြက်မင်းတွန်ရပ်ကွက်အုပ်စုအတွင်း ဇော်ဂျီမြစ်ရေ ဝင်ရောက်မှုမရှိစေရေး သဲအိတ်များဖြင့် ရေဝင်နေမှုမရှိစေရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment