မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေး

 


နေပြည်တော်၊ စက်တင်ဘာ ၈

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးစားရေရိက္ခာဖူလုံ ပိုလျှံရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ လက်တွေ့မြေပြင်လိုအပ်ချက်နှင့် သုတေသနလုပ်ငန်းများ ဟန်ချက်ညီဆောင်ရွက်နိုင်ရေးအတွက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲများကို ဌာနတွင်းပညာရှင်များက သက်ဆိုင်ရာကဏ္ဍများမှ ဦးဆောင်ဆွေးနွေးခြင်း၊ အခမ်းအနားတက်ရောက်လာကြသူများက သုံးသပ်အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က (၃၇)ကြိမ်မြောက်ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် “မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့ တက်ရောက်အားပေးကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များနှင့် သုတေသီများက မွေးမြူရေးတိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ ထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ခြင်းနည်းပညာဆိုင်ရာ တိုးတက်မှုများ အသိပညာဖလှယ်နိုင်ရေး၊ မွေးမြူရေးကဏ္ဍထုတ်လုပ်မှုမြင့်မားရေးနှင့် အကျိုးအမြတ်ပိုမိုရရှိစေရေးအတွက် တိရစ္ဆာန်များ၏ မျိုးရိုးဗီဇအရင်းအမြစ်များကို လက္ခဏာသတ်မှတ်ဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်း၊ သုတေသနများ ပြုလုပ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာများ၊ ခေတ်မီနည်းပညာများကိုအသုံးပြု၍ မျိုးမြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည့် နည်းလမ်းများရှာဖွေနိုင်ရေး၊ ငါးကဏ္ဍဆိုင်ရာနိုင်ငံ၏ မူဝါဒများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှုအခြေအနေများ၊ သားစပ်နည်းစနစ်များ၊ မျိုးမြှင့်တင်ခြင်းဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ၊ ဆက်လက်လုပ်ဆောင်သင့်သောအချက်များနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ မြန်မာ့ဒေသမျိုးရင်းများနှင့် ဒေသမျိုးကောင်းမျိုးသန့်ထိန်းသိမ်းခြင်းတို့၏ အရေးပါမှု၊ သုတေသနများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)