ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်း အ.ထ.က(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြော‌ ဆွေး‌နွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်း အ.ထ.က(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြော‌ ဆွေး‌နွေးပွဲကျင်းပ




ပြင်ဦးလွင် ၊ စက်တင်ဘာ ၅


လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယနေ့‌နံနက် (၁၀)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းအ.ထ.က(ခွဲ)တွင်ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ဗမာလူမျိုးစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “အနာဂတ်ကိုပိုင်စိုးမည့်သူများ”ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့‌နောက် အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္ဌ ဗမာလူမျိုးစာပေနှင့်ယဉ်ကျေးမှုအသင်း၏ ခရိုင်အလုပ်အမှုဆောင် ဦးဇော်မြင့်က အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်၊စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ပိန္နဲကုန်း အ.ထ.က (ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသ‌ပေးသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သွေးသွေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)