ဘိန်းစားပြီး တိုက်ပွဲဝင်ပေးခဲ့တဲ့ နီပိန်း ပဒက်လေးတွေရဲ့ မျက်နှာကိုမှ မထောက် (ကတောက်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိန်းစားပြီး တိုက်ပွဲဝင်ပေးခဲ့တဲ့ နီပိန်း ပဒက်လေးတွေရဲ့ မျက်နှာကိုမှ မထောက် (ကတောက်)




သပိတ်ကျင်းမြို့နယ်ထဲမှာ တရားမဝင် ရွှေတွင်းတွေရှိတယ်။ အဲဒီ ရွှေတွင်းတွေကနေ တာဝန်ရှိသူတချို့က အကျိုးအမြတ် ရယူနေတာလည်း ရှိတယ်။ အဲဒီ ရွှေတွင်းတွေမှာ နီပိန်း ပဒက်တွေက အလုပ် ဝင်လုပ်နေပြီး TNLA အကြမ်းဖက်အဖွဲ့ ကြိုးကိုင် စေခိုင်းမှုနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို တိုက်နေကြတယ်။ TNLA အကြမ်းဖက်အဖွဲ့က နီပိန်း ပဒက်တွေကို အစာကျွေးပြီး ကြိုးကိုင်နေတာ မဟုတ်ဘဲနဲ့ မူးယစ်ဆေးကျွေးပြီး အသေခံတိုက်ခိုင်းနေတာလို့ သိရပါတယ်။ သပိတ်ကျင်းမှာ နီပိန်း ပဒက် အကြမ်းဖက်သမားတချို့ လက်နက်ချပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့တာ ရှိတယ်လို့ ကြားသိရပေမယ့် တရားဝင် ထုတ်ပြန်တာမျိုးတော့ ထွက်မလာသေးပါဘူး။

ထို့အတူ နောင်ချိုမြို့နယ်ထဲမှာလည်း TNLA အကြမ်းဖက်အဖွဲ့နဲ့ နီပိန်း ပဒက် အကြမ်းဖက်တွေ ပူးပေါင်းပြီးတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ TNLA အကြမ်းဖက်အဖွဲ့ဆိုတာကတော့ ဘိန်းစိုက်တဲ့နယ်မြေက ဘိန်းဖြန့်ဖြူးတဲ့ မူးယစ်ရာဇာတွေ ဖြစ်လေတော့ တိုက်ပွဲတွေအတွင်းမှာ နီပိန်း ပဒက်တွေကို မူးယစ်ဆေးနဲ့ ကြိုးကိုင်ပြီးတော့ပဲ ခိုင်းစေနေတဲ့ သဘောဖြစ်ပါတယ်။ ဆေးကြောင်ပြီး တိုက်နေကြပေမယ့် အစာရေစာ မစားရတဲ့ နီပိန်း ပဒက်တွေမှာ ရေရှည်ဒဏ်ခံနိုင်ခြင်း မရှိပါဘူး။ အခုနောက်ပိုင်းတော့ နီပိန်း ပဒက်တွေနဲ့ TNLA အကြမ်းဖက်သမားတွေ အချင်းများပြီး ပြန်လည်တိုက်ခိုက် သတ်ဖြတ်နေတဲ့ သတင်းတွေလည်း စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့လာရပါတယ်။ အကြမ်းဖက်သမားများ အချင်းချင်း ရှင်းနေကြပြီဆိုတော့လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် စိတ်သက်သာရာ ရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာ ပိုမိုလွယ်ကူလာမယ်။

ထပ်မံ ကြားသိရတဲ့ သတင်းကတော့ ပင်လောင်းမြို့နယ်မှာ KNDF/ PNLA/ PDF အကြမ်းဖက် ပူးပေါင်းအဖွဲနှင့် PNO ပြည်သူ့စစ်များ ထိတွေတိုက်ပွားဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ မူးယစ်ဆေးဝါးကာလတန်ဖိုး‌ငွေကျပ် (၂၄၃၁၅)သိန်းခန့်အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ်၊ ကောင်မီးကျေးရွာတွင် PNO ပြည်သူ့စစ်အဖွဲမှ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးဆောင်ရွက်နေစဉ် စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီတွင် ဖယ်ခုံဘက်မှ ပင်လောင်းဘက်သို ထွက်ခွာလာသည့် KNDF/ PNLA/ PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများမှာ ထွက်ပြေးတိမ်သွားခဲ့ကြောင်း၊ ထိတွေ့မှုဖြစ်ပွားသည့်နေရာအား ရှင်းလင်းခဲ့ရာ လမ်းဘေးမှ ဆာလာအိတ် (၃၃) အိတ်အားတွေ့ရှိခဲ့သဖြင့် PNO ပြည်သူ့စစ် (ဌာနေ)အဖွဲ့သည် မြိုမရဲစခန်း(ပင်လောင်း)သို့ အပ်နှံသဖြင့် ပူးပေါင်းအဖွဲမှ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အဆိုပါဆာလာ အိတ် (၃၃)အိတ်အနက် ဆာလာ အိတ်(၁၆)အိတ်အတွင်းမှ WY/R စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား (၃၀၉၀၀၀၀)ပြားကျပ် (၁၅၄၅၀)သိန်းခန့်နှင့် ဆာလာအိတ် (၁၇)အိတ်အတွင်းမှ ဘိန်းညိုမှုန့် (၁၇၇.၃)ကီလိုဂရမ်၊ ကာလ တန်ဖိုးငွေကျပ်(၈၈၆၅)သိန်းခန့်၊ စုစုပေါင်းကာလ တန်ဖိုး‌ငွေကျပ် (၂၄၃၁၅) သိန်းခန့်အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ NLD ပါတီကနေ CRPH, NUG, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်လာပြီး PDF အမည်ခံ နီပိန်း ပဒက်များဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံမှာ အကြမ်းဖက်သင်တန်း တက်ရင်းက မူးယစ်ဆေးဝါးရဲ့ သားကောင်များ ဖြစ်ခဲ့ကြရပါတယ်။ KIA အကြမ်းဖက်အဖွဲ့ထံမှာ အကြမ်းဖက်သင်တန်းတက်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက အညာသား နီပိန်း ပဒက်တွေဆိုရင်လည်း KIA ထံက မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာပြီး ကိုယ့်မြို့၊ ကိုယ့်နယ်မှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးတာတွေ လုပ်နေကြပါတယ်။ အထူးအားဖြင့် KIA, PDF အကြမ်းဖက်အဖွဲ့တွေ ခြေကုပ်ယူထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာတွေမှာ မူးယစ်ဆေးဝါးကို တရားဝင်ဖြန့်ချိခွင့် ရနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

အစောပိုင်းကလည်း စာရေးသူအနေနဲ့ အသိပေးခဲ့ဖူးပါတယ်။ နီပိန်း ပဒက်တွေမှာ KNU, KIA, MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အသေခံစစ်သားများအဖြစ် တိုက်ခိုက်နေပေမယ့် ဘယ်နေရာမှ လူရာမဝင်ဘူးလို့ အသိပေးခဲ့ဖူးပါတယ်။ လောက်ကိုင်ကစပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတိုင်းမှာ MNDAA, TNLA, AA တို့နဲ့ ပူးပေါင်းပြီး နီပိန်း ပဒက်တွေ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက အညာသား နီပိန်း ပဒက်တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ သွားရောက်တိုက်ခိုက်ပေးခဲ့ကြပါတယ်။ အခုဆိုရင် MNDAA, TNLA တို့ဟာ တိုက်ခိုက်သိမ်းပိုက်လို့ ရတဲ့ မြို့နယ်တွေကို သူတို့ရဲ့ နယ်မြေများအဖြစ် သတ်မှတ်ပြီး သတင်းတွေ ထုတ်ပြန်နေကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး ကစပြီး အကြမ်းဖက်အဖွဲ့များ သိမ်းပိုက်ထားတယ်ဆိုတဲ့ မြို့နယ်များမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ အလံလွှင့်ထူခွင့်မရသလို နီပိန်း ပဒက်တွေရဲ့ နယ်မြေအဖြစ် ရခဲ့တာလည်း တစ်မြို့မှ မရှိပါဘူး။ အခုတော့ MNDAA က တရုတ်ရဲ့ သဘောထားပြောင်းလဲလာသည်နှင့်အမျှ NUG နဲ့ မပတ်သက်ပါဘူး ဆိုတဲ့ ထုတ်ပြန်ချက်မျိုးတွေ ပြောင်ပြောင်တင်းတင်း ရေးသားထုတ်ပြန်လာပါတယ်။

နီပိန်း ပဒက်တွေရဲ့ အယူအဆက ဘယ်အဖွဲ့အစည်းကပဲ တပ်မတော်ကို တိုက်တိုက် သဘောတူတယ်။ တပ်မတော် ကျဆုံးဖို့အရေးကို ဘယ်အဖွဲ့အစည်းနဲ့မဆို မဟာမိတ်လုပ်မယ်လို့ ဆုံးဖြတ်ပြီး တိုက်ခိုက်ခဲ့ကြတဲ့ သဘောဖြစ်ပါတယ်။ ဒါက ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့တွေရဲ့ အစီအစဉ်ဖြစ်ပါလိမ့်မယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်း ပဒက်များက အဲဒီအတိုင်း လိုက်ပါလုပ်ဆောင်ပေးခဲ့ရခြင်းဖြစ်ပါတယ်။ KNU နဲ့ ပူးပေါင်းပြီးတော့လည်း တိုက်ခိုက်တယ်။ KNLA, KIA, MNDAA, TNLA, AA အားလုံးနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ အစာရေစာ ဝဝလင်လင် မစားရဘဲ ဘိန်းစားပြီး သေပွဲဝင်သွားကြရတဲ့ နီပိန်း ပဒက်တွေလည်း မနည်းမနောပါပဲ။

နောက်ဆုံးတော့ နီပိန်း ပဒက်တွေက မဟာမိတ်လို့ သတ်မှတ်ထားတဲ့ ဘယ်အဖွဲ့ကမှ NUG, PDF အတွက် ဘယ်နေရာ ဘယ်ဒေသကိုမှ ခေါင်းစဉ်တပ်မပေးတဲ့အပြင် NUG အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်မှာ မဟုတ်ဘူးလို့ မျက်နှာပြောင်တိုက်ပြီး ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဘိန်းစားပြီး သေပွဲဝင်ပေးခဲ့ကြတဲ့ နီပိန်း ပဒက်လေးတွေရဲ့ မျက်နှာကိုမှ မထောက် (ကတောက်)။  ။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)