​ရွှေတောင်မြို့နယ်အထကခွဲ( သရက်တော)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

​ရွှေတောင်မြို့နယ်အထကခွဲ( သရက်တော)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကျင်းပ

  




ရွှေတောင် ၊  စက်တင်ဘာ ၁၄

ပဲခူး တိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထက (ခွဲ)သရက်တော ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

     အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့မရဲစခန်း ၊စခန်းမှူး ဒုရဲမှူးကျော်မိုးနိုင်က မှုခင်းကျဆင်းရေးအကြောင်း၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော  ဆေးဝါးများအန္တရာယ်အကြောင်းနှင့်မှုခင်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ဥပဒေ နည်းဥပဒေများအားရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

    အဆိုပါ အခမ်းအနားသို့  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၊ရွှေတောင်မြို့မရဲစခန်း ၊စခန်းမှူး ဒုရဲမှူးကျော်မိုးနိုင်၊မြို့နယ်ပညာရေးမှူး    ဦးကျော်ဦး၊ သရက်တောရပ်ကွက် အုပ်ချုပ်ရေးမှူး  နှင့် ရာအိမ်မှူး၊ဆယ်အိမ်မှူးများ၊ အထက ( ခွဲ) သရက်တောကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊  ကျောင်းသား ၊ကျောင်းသူ (၁၄၅) ဦးခန့်တက်ရောက်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာ ဗဟုသုတ ရရှိရေးအတွက်ပြန်လည်မေးမြန်းခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)