သဲကုန်း ၊ စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/ သင်တန်းသူများအား စာရင်းစစ်၊စာရင်းကောက် ခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဧည့်သည်တော်များအား နံနက်စာဖြင့်တည်ခင်းဧည်ခံခဲ့သည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ ၁၇ ရက်မှ ၂၈ ရက်အထိ (၁၀)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား /သင်တန်းသူ (၁၃၈) ဦးအား သင်တန်းနည်းပြ (၈)ဦးဖြင့် သင်ခန်းစာများအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စု ၆၃ အုပ်စု၌ ကျေးရွာပေါင်း ၃၀၆ရွာ ကောက်ကွက်ပေါင်း၃၇၃ ရှိပြီး စာရင်းစစ်၊ စာရင်းကောက် ၁၄၅ ဦး အဖွဲ့ ၂၇ဖွဲ့ခွဲ၍ မြို့နယ်အဆင့်/ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment