ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် တာချီလိတ်မြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် တာချီလိတ်မြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့များနှင့် တွေ့ဆုံ

 



တာချီလိတ်၊  စက်တင်ဘာ ၁၈


ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့များသည် ယမန်နေ့ မွန်းလွဲပိုင်းက အောင်မြတ်ခန်းမ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်အား ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ရေကြီးရေလျှံမှုကြောင့် မြို့နယ်အတွင်း အဆောက်အဦးတံတိုင်းပြိုကျပျက်စီးမှုများ၊ လျှပ်စစ်၊ လမ်း၊ တံတားဆုံးရှုံးမှုများ၊  မြေပြိုမှုများ၊ သေဆုံးပျက်ဆီးမှုအချက်အလက်များ၊ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ရေများပြန်လည်ကျဆင်းချိန်တွင် ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှန်မှန်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ လိုအပ်ချက်များအား မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများဖြင့် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် တာလော့ရပ်ကွက်အတွင်း ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက် ပဓာနမဟာ နာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏဝရ (သဒ္ဓမ္မဇောတိကဓဇ)၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကျင်းပမည့်အခြေအနေနှင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ အား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)