နေပြည်တော်၊ စက်တင်ဘာ ၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(နမ့်ကွတ်)ရှိ ဆရာ/ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥများနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ အမေ့ မေတ္တာအဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက ဆရာ/ဆရာမများအတွက် ဆန်၊ ဆီ၊ ကြက်ဉနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဆရာမ တစ်ဦးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူ များအား အာဟာရဖြည့် ကြက်သားဆန်ပြုတ်များကို တိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment