ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံခရစ်ကတ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံခရစ်ကတ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 




ပုသိမ် ၊  စက်တင်ဘာ ၄


ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကတ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  ပုသိမ်မြို့၊ ကျောက်တိုင် အားကစားကွင်း၌ ကျင်းပခဲ့ရာဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဦးစွာဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “လူငယ်များခရစ်ကက်အားကစားနည်းကို စိတ်ပါဝင်စားလာစေရန်နှင့် ခရစ်ကက်အားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီးခရစ်ကတ် အားကစားအောင်မြင်မှုရရှိစေရန်နှင့် လူငယ်များ အားကစားကိုဆောင်ရွက်ခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ပါ ကြောင်း၊ ခရစ်ကက်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံခရစ်ကတ် အဖွဲ့ချုပ်မှ နှစ်စဉ်တိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ကျောင်းပေါင်းစုံပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးနေသည်ကိုလည်း သိရှိရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ခရစ်ကက်အားကစားနည်းမှ လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်သည့် အားကစားသမားတွေ မွေးထုတ်ထားနိုင်ကိုလဲတွေ့ရှိရပါကြောင်း၊ ယခုပြိုင်ပွဲဝင်အသင်းများမှ ခရစ်ကက်အားကစားသမားများအနေဖြင့် အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက်များအပြင် အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သည့် ခရစ်ကက်အားကစားသမားကောင်းများ ပေါ်ထွက် လာပြီး လာမည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီး ကိုယ်စားပြုအားကစားသမားများ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများသည် အားကစားသမားကောင်း ပီသစွာယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး စည်းကမ်း သေဝပ်မှု၊ တရားသောယှဉ်ပြိုင်အနိုင်ရရှိမှုကို ကျင့်သုံးဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ဖြူစင်မှုကို ပြသ၍ ကြံရည်ဖန်ရည်ကို အားကိုးပြုရမှာဖြစ်ပြီး ဉာဏ်စွမ်းအား ကောင်းမွန်မှု၊ မိမိအသင်း သားများနှင့် ညီညွတ်စွာဆက်ဆံ ပေါင်းသင်းမှုစသည့် ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်တွေ ကိုပါ ဘက်စုံ၊ ထောင့်စုံအတွဲညီစွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်၊ ပညာရေးနှင့်အားကစား ပေါင်းစပ်ဆောင်ရွက်သည့်ပြိုင်ပွဲဖြစ်၍ နောင်နှစ်များတွင်လည်း တိုင်းဒေသကြီးတွင် ယခုကဲ့သို့ပြိုင်ပွဲမျိုးကို နှစ်စဉ်ကျင်းပဖြစ်အောင် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း” အမှာစကားပြောကြားပြီး ၂ဝ၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား၊ အခြေခံပညာ ကျောင်းပေါင်းစုံ ခရစ်ကတ်ပြိုင်ပွဲ” အားဖွင့်လှစ်ပေးသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းများနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


ယင်းနောက် စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်တက္ကသိုလ်လက်ရွေးစင်ခရစ်ကတ်အသင်းမှ အားကစားသမားများ၏ စွမ်းရည်သရုပ်ပြပွဲနှင့် ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကတ်ပြိုင်ပွဲကို ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း(၁၀)သင်း၊ ကျောင်းသား ၊ ကျောင်းသူ ၃၀၀ ဦး တို့ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)