မိုင်းဖြတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်း​ကြောင့် ​ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းနှင့် ကျေးရွာအချို့​ ရေများဝင်​ရောက်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်း​ကြောင့် ​ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းနှင့် ကျေးရွာအချို့​ ရေများဝင်​ရောက်မှုဖြစ်ပွား




မိုင်းဖြတ်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းခြင်း​ကြောင်း ​ရေကြီး​ရေလျှံမှုများဖြစ်ပွားကာ ​ကျေးရွာအချို့တွင် ​ရေများဝင်​​ရောက်၍ လယ်ယာ​မြေများနစ်မြုပ်ခြင်း၊ ပြည်​ထောင်စုလမ်းမ​ပေါ်တွင် ​ရေလျှံမှုများဖြစ်ပွားလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ မိုးများအဆက်မပြတ်ရွာသွန်းခြင်း​ကြောင်း မြို့နယ်အတွင်းရှိ နမ့်လုံ​ချောင်း၊ နားလီ​ချောင်း၊ မယ်ဟုတ်​ချောင်းတို့တွင် ​ရေကြီးလျှံမှုများဖြစ်​ပေါ်ခဲ့ပြီး ချောင်းများအနီးရှိ ဝမ်​နောင်​၊ နားလီ​၊ နမ့်ကုန်း၊ နန်းခမ်း​တောင်​ကျေးရွာများနှင့် ​ကျေးရွာအချို့တို့တွင် လူ​နေအိမ်များအတွင်းသို့​ ရေများဝင်​ရောက်ခြင်း၊ လယ်ယာ​မြေများ ​ရေဖုံးလွှမ်းခြင်းတို့ ဖြစ်​​ပေါ်ခဲ့​ကြောင်း သိရသည်။

အလားတူ ​​ရေကြီး​ရေလျှံမှုများ​ကြောင့် ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်ထောင်စု​ဘေးရှိ နမ့်လုံ​ချောင်း​ရေလျှံမှုများ​ကြောင့် မိုင်တိုင်အမှတ် (၇၁၉)အနီး ကားလမ်း​ပေါ် ​ရေလျှံမှုဖြစ်ပွား​ပြီး ယာဥ်များသွားလာမှုမရရှိ​​သည့်အပြင် အဆိုပါလမ်းတစ်​လျှောက် ကားလမ်းအနိမ့်ပိုင်းများတွင်လည်း ​ရေ​ကျော်မှုများဖြစ်ပွားလျက်ရှိ​ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)