ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်ကြည့်ရှုအားပေး



နေပြည်တော်၊ စက်တင်ဘာ ၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ရောက်ရှိနေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့်နိုင်ငံ့သားကောင်း ရတနာများအား ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့်တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်ကြမည့် နိုင်ငံသားကောင်းရတနာများအား  ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့် ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)