နေပြည်တော်၊ စက်တင်ဘာ ၁၁
တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၁ ရက် နံနက် ၀၄ ၀၀ အချိန်မှစ၍ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စုရှိ မကျီးပင်ကျေးရွာ၊ ရေတွင်းဖြူကျေးရွာ၊ ရှားတုန်းအိုင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့တွင် နဝင်းချောင်းရေမြင့်တက်မှူကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး၊ ကောင်စီဝင်ဗိုလ်မှုးကြီးရဲမိုးနှင့် တာဝန်ရှိသူများမှ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မကျီးပင်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်များသို့ ရေအမြင့် ၅ ပေခန့် ဝင်ရောက်မှုကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေကြကြောင်း သိရှိရသည်။
အလားတူ တပ်ကုန်းမြို့နယ်၊ အုန်းပင်ကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာတို၌ လူနေအိမ်များ အတွင်း ရေဝင်ရောက်သဖြင့် ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း၊ သစ်ဆိမ့်ပင်ပင်ကျေးရွာ အုပ်စုရှိ ညောင်ကိုင်းချောင်း(တောင်ကျရေ) များမှုကြောင့် သစ်ဆိမ့်ပင်တောင်ရွာ၌ လူနေအိမ်များအတွင်း ရေဝင်ရောက်သဖြင့် ကျေးရွာဘုန်းတော်ကြီးကျောင်းသို ရွှေ့ပြောင်းနေထိုင်ခြင်း၊ နှစ်ထပ်အိမ်ရှိ အပေါ်ထပ်၌ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment