နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၁၁

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆပ်ကော်မတီတစ်ခုချင်းအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်လမ်း၊ တံတားနှင့်အဆောက်အဦဖွံ့ဖြိုး ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးလမ်း၊ တံတားနှင့်အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ က On Line ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများအနေဖြင့် စီမံကိန်းများ လျာထားဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွင့်ပြုမှုအပေါ်အခြေခံပြီး လျာထားဆောင်ရွက်သွားကြရန်၊ မိမိတို့၏ လျာထားလုပ်ငန်းစီမံကိန်းများကို လုံခြုံရေးအခြေအနေအရ ဖြစ်နိုင်ခြေရှိ၊ မရှိ သုံးသပ်၍ လျာထားဆောင်ရွက်သွားကြရန်နှင့် ယခင်လုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ဆုံးဖြတ်ချက်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့် အကောင်အထည်ဖော်ခြင်းများတွင်ထိရောက်သော ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် လုပ်ငန်းများ၏အရည်အသွေးပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြား ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုး ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်း လျာထားဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)