လယ်ဝေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများတွင် ရေနစ်မြုပ်သည့် ရေတွင်းများ တွင်းဆေးတွင်းမှုတ်ခြင်း၊ ရေသန့်စင်ဆေးပြားခတ်ခြင်းများ ဆောင်ရွက်ပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လယ်ဝေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများတွင် ရေနစ်မြုပ်သည့် ရေတွင်းများ တွင်းဆေးတွင်းမှုတ်ခြင်း၊ ရေသန့်စင်ဆေးပြားခတ်ခြင်းများ ဆောင်ရွက်ပြီးစီး

15

16


လယ်ဝေး ၊ စက်တင်ဘာ ၂၈


ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ဘေးဝဲယာရှိကျေးရွာအချို့ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။


အဆိုပါကျေးရွာများတွင် ယခုအခါ ရေများ ပြန်လည်ကျဆင်းသွားပြီး ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ဝေးခရိုင်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများသည် ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများဖြစ်သည့် ကြို့ဇလုပ်၊ ဟေမာန်၊အေးချမ်းသာ၊ ကြို့ပင်သာနှင့် ဗွက်ကြီးရိုးကျေးရွာများရှိ ရေတွင်းများအား သောက်သုံးရေသန့်စင်စေရန်အတွက် တွင်းဆေးတွင်းမှုတ်ခြင်း၊ ရေသန့်စင်ဆေးပြားများခတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။


လယ်ဝေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လယ်ဝေးမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာ ၃၄ ရွာတွင် သောက်သုံးရေသန့်ရှင်းမှုရှိစေရေးအတွက် ရေတွင်းများအား တွင်းဆေးခြင်း၊ တွင်းမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages