ရွှေတောင် ၊ စက်တင်ဘာ ၂၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင်နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်း သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉ :၃၀)နာရီအချိန်က သရက်တောရပ်ကွက် ၊မိခင်နှင့်ကလေး သားဖွားဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်း သင်တန်းဖွင့်ပွဲ ခမ်းအနားတွင် ရွှေတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ရွှေတောင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်းသင်တန်းကိုစက်တင်ဘာ ၂၆ရက်မှ စက်တင်ဘာ ၃၀ရက်နေ့အထိ ( ၅) ရက်ဖွင့်လှစ်၍ စာတွေ့လက်တွေ့ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတောင် မြို့နယ်တွင်သင်တန်းသား(၂၃)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ရွှေတောင်မြို့နယ် အတွင်းရှိ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများအား မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် နွားမေထုန်မဲ့သားစပ် ကျွမ်းကျင်သူအရေအတွက် တိုးပွားလာပြီး မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာရှင်များနှင့် လူ့စွမ်း အားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင် လှစ်ခဲ့ကြောင်းသိရသည်။
မေထုန်မဲ့ နွားနှင့်ဆိတ်သားစပ်သင်တန်းသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ရွှေတောင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးချမ်းဝင်းနှင့်ဝန်ထမ်းများ၊သင်တန်းသား (၂၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment