နေပြည်တော် ရေဘေးသင့်ပြည်သူများအတွက် အောင်မော်စံစာသင်တိုက်မှ ဆန်နှင့်အခြားပစ္စည်းများထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် ရေဘေးသင့်ပြည်သူများအတွက် အောင်မော်စံစာသင်တိုက်မှ ဆန်နှင့်အခြားပစ္စည်းများထောက်ပံ့လှူဒါန်း




သာကေတ ၊ စက်တင်ဘာ  ၁၆


နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ သင်္ကန်းများ၊ စားသုံးကုန်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာကျောင်းဝိုင်းအတွင်းရှိ အောင်မော်စံစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။


နေပြည်တော် ရေဘေးသင့်ပြည်သူများအတွက် အောင်မော်စံစာသင်တိုက် ဦးစီးမဟာပဓာနနာယက နိုင်ငံတော်သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသာသနာနုဂ္ဂဟ ဓမ္မာစရိယ ဘဒ္ဒန္တအာစိဏ္ဏမှ အလှူတော်ငွေ တစ်သိန်းကျပ်၊ သင်္ကန်း (၁၀)စုံ ၊ ၂၄ ပြည်ဝင် ဆန် (၁၀) အိတ်၊ အောင်မော်စံစာသင်တိုက် ဒုတိယနာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္ကသီလဓမ္မာစရိယ B.A ဘဒ္ဒန္တ သောဘနမှ အလှူတော်ငွေ နှစ်သိန်းကျပ်၊ သင်္ကန်း (၁၀) စုံ၊ ကျောင်းရှိသံဃာများက သင်္ကန်းများ၊ ထီးများ၊ စောင်များ၊ ဖိနပ်များ၊ မျက်နှာသုတ်ပုဝါများ၊ ဆပ်ပြာများ၊ ကိုယ်ပတ်များ၊ အပ်ချည်များ၊ ခြုံထည်များ၊ ခြင်ထောင်များ၊ အခင်းများ၊ လက်ဖက်များ၊ ခေါက်ဆွဲခြောက်များနှင့် အလှူတော်ငွေ(သုံးသောင်းကျပ်) ဘုရား၊ သိမ်၊ ကျောင်း၊ ဇရပ်၊ လမ်း၊ တံတားအလှူရှင်များက အဝတ်အထည်များ မျက်နှာသုတ်ပုဝါများ၊ လက်သုတ်ပုဝါများ၊ တဘက်ခြုံထည်အသစ်များ၊ ဖိနပ်များနှင့်အလှူတော်ငွေ ငါးသောင်းကျပ်တို့ကို တစ်ဆင့်လှူဒါန်းရာ မဟော်သဓာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမျိုးဇော်ဦးက လက်ခံရယူခဲ့သည်။


အဆိုပါ လှူဒါန်းပစ္စည်းများကို သာကေတမြို့နယ် ၄/တောင်ရပ်ကွက်အခြေစိုက် မဟော်သဓာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမျိုးဇော်ဦးဦးဆောင်သောအဖွဲ့သည် ယမန်နေ့ညတွင် အသင်းပိုင်လူမှုကူညီရေးကားများဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ရေဘေးသင့်ပြည်သူများအတွက် ပစ္စည်းများလှူဒါန်းလိုပါက မဟော်သဓာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမျိုးဇော်ဦး ဖုန်း ၀၉-၄၂၀၀၁၉၈၉၃ နှင့် ရုံးဖုန်း ၀၉-၄၂၄၄၄၉၀၉၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


ဆောင်းနှင်းဖြူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)