၂၀၂၄ ခုနှစ် ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ





မှော်ဘီ   ၊    စက်တင်ဘာ      ၄


ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ ၂၀၂၄ခုနှစ် ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ၊ ပညာရတနာ ခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မှော်ဘီခရိုင် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ၊မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်ကသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ် ချက်များနှင့်၂၀၂၄ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းဆိုင်ရာများကိုပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။


အဆိုပါခရိုင်အဆင့်နည်းပြသင်တန်းကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌စက်တင်ဘာ(၃)ရက်နေ့မှစက်တင်ဘာ(၁၄)ရက်နေ့အထိစာတွေ့၊လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီးသင်တန်းသား(၂၄)ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။


အခမ်းအနားသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်နိုင်၊အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊အဖွဲ့ဝင်(၂)ဦးထင်ကျော်၊အတွင်းရေးမှူး ဒုတိယရဲမှူးကြီးငွေတင်၊မှော်ဘီခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာညွန့်၊ ခရိုင်အဆင့်ဌာနဆိုင် ရာများ၊မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌဦးမျိုးဝင်းနှင့် အဖွဲ့ဝင်များ ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)