မေှာ်ဘီမြို့နယ် စာကြည့်တိုက်များဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ငွေကျပ် သိန်း(၁၅၀)(၅၀)ဖြင့် ဆောက်လုပ်လျက်ရှိသည့်စာကြည့် တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေှာ်ဘီမြို့နယ် စာကြည့်တိုက်များဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ငွေကျပ် သိန်း(၁၅၀)(၅၀)ဖြင့် ဆောက်လုပ်လျက်ရှိသည့်စာကြည့် တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေး



ရန်ကုန်တိုင်းဒေသကြီး  မှော်ဘီ  ၊  စက်တင်ဘာ  ၄

 ​ေမှာ်ဘီမြို့နယ်၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးရန်ပုံငွေကျပ်သိန်း (၁၅၀)(၅၀) ဖြင့်ဆောက်လုပ် ပြုပြင် လျက်ရှိသောစာကြည့်တိုက်များအား မြို့နယ် စာကြည့်တိုက်များဆောက် လုပ်မှုကြီးကြပ်ရေးကော်မတီ ခေတ္တဥက္ကဌ ဒုတိယဥက္ကဌ နှင့်တာဝန်ရှိသူ များက ယမန်နေ့ နေ့လည်အချိန် က ​ေမှာ်ဘီမြို့ နယ်၊ညောင်ကုန်းအုပ်စု မြောက်ချောကုန်းစာကြည့်တိုက်နှင့်ဝါးနက်ချောင်း စာကြည့်တိုက်သို့ သွား ရောက်၍ စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေးအားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

     ထို့သို့ ကွင်းဆင်းသွားရောက်ရာ တွင် မှော်ဘီမြို့နယ်  စာကြည့်တိုက်များ ဆောက်လုပ်မှုကြီးကြပ်မှု ကော် မတီ ခေတ္တဥက္ကဌ ဦးမျိုးဝင်း၊ ဒုတိဥက္ကဋ္ဌ

 ဦး​​မြင့်စိုး၊အတွင်း​ရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် စာကြည့်တိုက်များဆောက်လုပ်မှုကြီး ကြပ်မှုကော်မတီမှ တာဝန်ရှိသူများက မြောက်ချောကုန်း စာကြည့် တိုက် ဆောက်လုပ်ပြီးစီးမှုအခြေအနေများ အား ကြည့်ရှုခဲ့ကြပြီး ကျေးရွာစာကြည့်တိုက် ဆောက်လုပ်မှုကော်မတီများနှင့်တွေ့ဆုံကာ စာကြည့် တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ဆောင် ရွက်ရမည့်အစီအမံများနှင့်စာကြည့်တိုက် အားအမြန်ဆုံးဖွင့်လှစ်နိုင်ရေးလုပ်ငန်းတို့အားမှာကြားခဲ့ရာမြောက် ချောကုန်းကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ 

ဒေါ်အေးပိုင်က စာကြည့်တိုက်ဆောက် လုပ်မှုလုပ်ငန်း ဆောင်ရွက်မှု အခြေ အနေများကို ရှင်း လင်း တင်ပြခဲ့ရာ မြို့နယ်စာကြည့်တိုက်ဆောက်လုပ်မှုကြီးကြပ်​ရေးကော်မတီ ခေတ္တဥက္ကဌ ဒုတိယဥက္ကဌနှင့်အဖွဲ့ဝင်များကလိုအပ်သည်များအားပေါင်းစပ်ညှှိနှိုင်းဆောင် ရွက်ပေးကာစာကြည့်တိုက်ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ စာကြည့်တိုက် အားအမြန်ဆုံးဖွင့်လှစ်နိုင်ရေးမှာကြားခဲ့ကြကြောင်း သိရသည်။

      ဆက်လက်၍မြို့နယ်စာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီခေတ္တဥက္ကဌ ၊ဒုတိယဥက္ကဌနှင့်ကော်မတီအဖွဲ့ဝင်များသည် ငွေကျပ်သိန်း(၅၀)ဖြင့်တိုးချဲ့ဆောင်ရွက်နေသော ဝါးနက်ချောင်းကျေးရွာလင်းရောင်ခြည်စာကြည့်တိုက်ပြီးစီးမှုအခြေအနေအားသွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ရာ လင်းရောင် ခြည်စာ ကြည့်တိုက်ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်သိန်းက စာကြည့် တိုက်ဆောက် လုပ်မှုလုပ်ငန်းဆောင်ရွက် မှု အခြေ အနေများကို ရှင်း လင်း တင်ပြခဲ့ရာ မြို့နယ်စာကြည့်တိုက်ဆောက်လုပ်မှုကြီးကြပ်ရေးကော်မတီခေတ္တဥက္ကဌ ဒုတိယဥက္ကဌနှင့်အဖွဲ့ဝင်များက စာ

ကြည့်တိုက်ဆောက်လုပ်မှုကော်မတီ များနှင့်တွေ့ဆုံကာ စာ ကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ဆောင် ရွက်ရမည့်အစီအမံများနှင့်စာကြည့်တိုက် အားအမြန်ဆုံးဖွင့်လှစ်နိုင်ရေးလုပ်ငန်းတို့အားမှာကြားခဲ့ကြောင်း သိရသည်။


ဝင်းဇော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)