ရမည်းသင်းမြို့၌ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့၌ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့လှူဒါန်း

 



ရမည်းသင်း ၊ စက်တင်ဘာ ၁၃


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်နှင့် သယံဇာတဝန်ကြီး ဦးရွှေစင်တို့သည် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ရမည်းသင်းမြို့ ဝါတိုးရပ်ကွက်သီလဝ(၁)ရပ်၊ သာသနာ့ဗိမ္မာန်ရှိ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူ ၁၅၀ ဦးနှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံသည့် ဆန်/ရေသန့်/ကြက်ဥ/ခေါက်ဆွဲခြောက်နှင့် မုန့်များပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားသည်။


ဆက်လက်၍ ဝါတိုးရပ်ကွက်သီလဝခန်းမရှိ ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူ(၁၆၂)ဦးစာအတွက် ဆန်/ရေသန့်/ကြက်ဥ/ခေါက်ဆွဲခြောက်နှင့် မုန့်ထုပ်များပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုအား ကြည့်ရှုအားပေးသည်။


အဆိုပါ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်ပွဲတွင် အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်မှူး ဗိုလ်မှူးကြီး ဇော်မြင့်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း အဖွဲ့ဝင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနီနီဝင်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်မြင့်မော် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)