တပ်ကုန်း၊ စက်တင်ဘာ ၁၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများကို ယနေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးက ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့က ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး၊ အလှူရှင်များမှ လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံရယူခဲ့ကြောင်း သိရပြီး၊ ရေဘေးကြောင့် အခက်အခဲဖြစ်သည့် ပြည်သူများအား လူအင်အား၊ စက်လှေများဖြင့် လိုက်လံကယ်ဆယ်လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment