ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ရေဘေးအန္တရာယ်နှင့် မြေပြိုအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာနိုင်ရန် လိုက်လံသတိပေး နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ရေဘေးအန္တရာယ်နှင့် မြေပြိုအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာနိုင်ရန် လိုက်လံသတိပေး နှိုးဆော်

 



ပွင့်ဖြူ ၊  စက်တင်ဘာ ၁၆


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာတွင်ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်နှင့် ရေတိုက်စားမှုကြောင့် မြေပြိုကျမှုအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့် လိုအပ်သော ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မုန်းချောင်းဘေးတစ်လျှောက်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ကြီးကြပ်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ မုန်းချောင်းနှင့်ထိစပ်လျက်ရှိသော ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် တောင်အင်းကျေးရွာသို့ သွားရောက်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်း၊ မြေပြိုကျခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှု ကင်းဝေးစေရန်နှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ကူညီတုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် ကြိုတင်ကာကွယ်သတိပြုရမည့် ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ပြည်သူများ သိရှိလိုက်နာနိုင်ရန် Hand Speaker ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်း ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာရမည့်လုပ်ငန်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်ရေးအတွက် ကျန်ရှိသည့် မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာများကိုလည်း အသိပညာပေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောကြားခဲ့သည်။  


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)