နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်အဆင့် ဝိနည်ဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်အဆင့် ဝိနည်ဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်





နေပြည်တော် ၊  စက်တင်ဘာ ၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် နေပြည်တော်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ မြို့ဦးတိုက်သစ်သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူဇန မဟာထေရ်မြတ်မှ ဩဝါဒကထာ မိန့်ကြားတော်မူကြသည်။


ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဝနတိက္ခ မဟာထေရ်မြတ်မှ ဩဝါဒကထာ မိန့်ကြားတော်မူသည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ မြို့ဦးတိုက်သစ်သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူဇန မဟာထေရ်မြတ်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်အောင်က နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဝနတိက္ခ မဟာထေရ်မြတ်အားလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်သံဃာတော်များအားလည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရမထေရ်မြတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာ မိန့်ကြားတော်မူခဲ့သည်။


ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက နေပြည်တော်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းသို့ တက်ရောက်နေသည့် ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)