ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 




ပုသိမ် ၊ စက်တင်ဘာ ၁၈


ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ(၁၆)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ချုပ်ရေး အဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။


ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဇူလိုင်လကုန်နှင့် ဩဂုတ်လအတွင်း ဧရာဝတီမြစ်ရေ၊ ချင်းတွင်းမြစ်ရေ ကြီးမှုဖြစ်စဉ်ဖြစ်ပွားသည်နှင့် ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးများအား ခရိုင်များအလိုက် တာဝန်ပေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် မြစ်ရေကြီးမြင့်မှုနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့ တိုင်းဒေသကြီးတွင် စိုက်ဧကများ ထိခိုက်ပျက်စီးမှုများ၊ လမ်းများပျက်စီးမှုများနှင့် စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြစ်ရေကြီးမှုနှင့် ပတ်သက်၍လည်း ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခြင်းနှင့် ကမ်းပြိုကမ်းထိန်း လုပ်ငန်းများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြစ်ရေကြီးခြင်း၊ မိုးအဆက်မပြတ် ရွာသွန်းခြင်းများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စိုက်ဧကများတွင် ပြန်လည်အစားထိုး စိုက်ပျိုးခြင်းများကို နေ့ရက်အလိုက် တိုးတက်စိုက်ပျိုးနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်များအတိုင်း ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးပေးကြရန်” အမှာစကားပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူးက ကော်မတီဖွဲ့စည်းထားရှိမှုများနှင့် လုပ်ငန်းဆောင်ရွက်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ ဥက္ကဋ္ဌများက ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ဧကများ ထိခိုက်ပျက်စီးမှုများ၊ လမ်းများပျက်စီးမှု အခြေအနေများ၊ ထိခိုက်ပျက်စီးဧကများတွင် ပြန်လည်အစားထိုး စိုက်ပျိုးထားရှိမှုများ၊  စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။  ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)