ဇီးကုန်းမြို့နယ် အ.ထ.က (မြို့မ) ကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ် အ.ထ.က (မြို့မ) ကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကျင်းပ

 


ဇီးကုန်း၊  စက်တင်ဘာ ၁၂


ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပချိန်တွင် အသက် ၁၈ နှစ် ပြည့်မည့်မဲပေးပိုင်ခွင့်ရှိသော ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟော‌ပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (မြို့မ) ကျောင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်‌‌အောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သော အုပ်ချုပ်ရေးစနစ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လူငယ်များအခန်းကဏ္ဍအရေးပါမှုကို ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဇာခြည်ဝင်းက (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပုံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိဒေါ်ခင်စုစုနှင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအကြောင်းကိုလည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်မည့် ‌‌ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပထမအကြိမ်မဲပေးကြမည့် လူငယ်များအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဟော‌ပြောခဲ့သည်။


ဆက်လက်၍ ကျောင်းသားကျောင်းသူများ၏ သိလိုသော မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)