ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်​တောင်းမြစ်​ရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်​တောင်းမြစ်​ရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်




ရေတာရှည် ၊ စက်တင်ဘာ ၁၂


ပဲခူးတိုင်း​ဒေသကြီး​၊ တောင်ငူခရိုင်​၊ ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်​ရေတာ ရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ​ရေတာရှည်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းထက်နိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယ​နေ့နံနက် (၃) နာရီ အချိန်က ရေတာရှည်မြို့နယ်၊ သာဂရ ကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာရှိ ရေနစ်မြုပ်လျက်ရှိသည့် အိမ်ထောင်စု (၁၀) စု၊ လူဦးရေကျား (၃) မ (၁၅) ဦး ဒုက္ခသည်များအား သွားရောက်ခေါ်ဆောင်ခဲ့ပြီး သားတော်ရဓမ္မာရုံသို့ ပို့ဆောင်ခဲ့ပါကြောင်းနှင့် ယနေ့မနက် (၆) အချိန်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့လှမြို့၊ အမှတ် (၅)၊ မြို့ဆိုးရပ်ကွက် စစ်တောင်းမြစ်ကမ်းတာဘောင်ကျိုးသွားသဖြင့် ရေဝင်ရောက်လာကာ မြို့ဆိုးရပ်ကွက်ရှိ အိမ်ထောင်စုများအား မြို့လှမြို့၊ ကျွန်းတောကျောင်းတိုက်ရှိ၊ စန္ဒသူရိယသမာဓိအဆောင်သို့ ရွှေ့ပြောင်းထားရှိကြောင်း ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ယာယီနေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)