ပေါင် ၊ စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက (အ.ထ.က) ကျွဲခြံ လမင်းတစ်ရာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများကိုလည်းကောင်း၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများနှင့် ခွေးရူးရောဂါကူးစက်ခံရမှုအန္တရာယ်ရှိသော သူများကိုလည်းကောင်း၊ ခွေးရူးရောဂါခံစားနေရသည့် ခွေးများကို ခွဲခြားနိုင်သည့် အချက်များကိုလည်းကောင်း၊ လူတွင် ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများကိုလည်းကောင်း၊ လူတွင် ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ ကာကွယ်ဆေးထိုးရမည့် အခြေအနေများကိုလည်းကောင်း၊ ခွေးရူးရောဂါနှင့် ပတ်သတ်၍ သတိပြုလိုက်နာရမည့် အချက်များကို (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့တွင် ဟောပြောခဲ့ပြီး ခွေးရူးရောဂါနှင့် ပတ်သတ်သည့် လက်ကမ်းစာစောင်များ ပေးဝေကာ ခွေးများကို ခွေးရူးရောဂါကွာကွယ်ဆေး (အခမဲ့) ထိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အထိမ်းအမှတ်နေ့ကို သထုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment