ရွှေတောင်မြို့နယ် မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

  




ရွှေတောင် ၊ စက်တင်ဘာ ၇

     ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ကြီးကြပ်မှုဖြင့်အမှတ်(၁) အထည်စက်ရုံတွင် ယမန်နေ့ နံနက်ပိုင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ Mpox (မျောက်ကျောက်) ရောဂါ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနက​ဆောင်ရွက်ခဲ့သည်။

   အဆိုပါအခမ်းအနားတွင် ​မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာထက်ကျော်လင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်  Mpox မျောက်ကျောက်ရောဂါအကြောင်း၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီက ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ တတ်ရောက်လာသည့် စက်ရုံတာဝန်ရှိသူများ၊ ဝန်ထမ်းအလုပ်သမားများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)