ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မြို့တွင်းတံတားများ ကြံခိုင်မှုနှင့် သွားလာရေးကူညီဆောင်ရွက်နေမှုအား ကြည့်ရှု - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မြို့တွင်းတံတားများ ကြံခိုင်မှုနှင့် သွားလာရေးကူညီဆောင်ရွက်နေမှုအား ကြည့်ရှု

 

6

5


လွိုင်ကော် ၊ စက်တင်ဘာ ၂၆


ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်နည်းတူ ဘုန်းတော်ကြီးကျောင်းများလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရှမ်းပိုင်းရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော်များထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဝန်ကြီးချုပ်က “သံဃာတော်များအတွက် ဆွမ်းနှင့် ဆွမ်းဟင်းများ ချက်ပြုတ်ရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်သည့် ထင်း၊ မီးသွေး၊ မီးဖိုများ၊ ရေသန့်များနှင့် စက်သုံးဆီများ လှူဒါန်းသွားရန်၊ ကျောင်းဝေယျာဝစ္စကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် လှေတစ်စီးအား စီစဉ်ထားရန်နှင့် ရေများပြန်လည်ကျဆင်းပါက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးရန်” တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ဆက်လက်၍ ရွှေတောင်ရပ်ကွက်ရှိ ရွှေတောင်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်များအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်က “ကျောင်းအတွင်း သောက်သုံးရေ၊ ထင်း၊ မီးသွေးနှင့် စက်သုံးဆီများ လှူဒါန်းရန်၊ ကျောင်းဝေယျာဝစ္စကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် လှေတစ်စီးအား စီမံထားရန်နှင့် ရေများပြန်လည်ကျဆင်းပါက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးရန်” တာဝန်ရှိသူများ အားမှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန္ဒရဝတီတံတားနှင့် ရှမ်းပိုင်းတံတား ရေကြီးရေလျှံမှုကြောင့် တံတားရေကျော်နေမှုအခြေအနေများကို သွားရောက်.ကြည့်ရှုစစ်ဆေးခဲ့ပြီး “ကန္ဒရဝတီတံတားမှာ ရေကျော်မှုများနှင့် ရေစီးအားကောင်းသောကြောင့် ယာဉ်နှင့်ပြည်သူများ သွားရောက်ရာတွင် အန္တရာယ်မဖြစ်စေရေး ကန့်သတ်ချက်ဖြင့် သွားလာနိုင်ရေးကြီးကြပ်ဆောင်ရွက်ရန်နှင့် တံတားကြံ့ခိုင်မှုအား နေ့ညမပြတ် စောင့်ကြပ်ကြည့်ရှုရန်” မှာကြားခဲ့သည်။


ဆက်လက်၍ ရေကြီးရေလျှံမှုများဖြစ်သည့် ရှမ်းပိုင်း၊ ဒေါနိုးကူး၊ ရှမ်းစု၊ ရွှေတောင်ရပ်ကွက်များအတွင်း စက်လှေဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် ပြည်သူများ သွားလာရေးအဆင်ပြေစေရန် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဝန်ထမ်းများ ကြက်ခြေနီနှင့် ပရဟိတအဖွဲ့များက စက်လှေများဖြင့် ကူညီပို့ဆောင်ပေးနေမှုများကို ကြည့်ရှုပြီး “ပြည်သူများအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ဘေးအန္တရာယ်မဖြစ်စေရေး၊ အလှည့်ကျစနစ်ဖြင့် တာဝန်ထမ်းဆောင်ကြရေး ကြီးကြပ်ကူညီဆောင်ရွက်ပေးကြရန်” တာဝန်ရှိသူများအား မှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages