မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်လှေအသင်းများ နေ့စဉ်လှော်ခတ်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်လှေအသင်းများ နေ့စဉ်လှော်ခတ်လေ့ကျင့်


မိတ္ထီလာ၊ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ (၁၄၁) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပသော မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်လှေအသင်းများ မိတ္ထီလာကန်ထဲတွင် နေ့စဉ်လှော်ခတ်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

“ဖောင်တော်ဦးဘုရားပွဲစတင်မှာက စက်တင်ဘာလ ၁ဝ ရက်နေ့ဖြစ်ပြီး လှေပြိုင်ပွဲ စတင်ကျင်းပမှာက ၁၁ ရက်နေ့ဆိုတော့ ပြိုင်ပွဲရမယ့်ရက်က ရက်သတ္တပတ်တစ်ပတ်တောင် မလိုတော့ဘူးလေ။ ပြိုင်ပွဲဝင်တဲ့အချိန်မှာ ပြိုင်ဘက်အသင်းတွေကို အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ရပ်ကွက်ပါ ဝင်ယှဉ်ပြိုင်မယ့် လှေအသင်း ၃ သင်းစလုံး နေ့စဉ်လှော်ခတ်လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ အငယ်တန်းပြိုင်ပွဲမှာ ၃ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်” ဟု နန်းတော်ကုန်းရပ်ကွက်မှ ပါဝင်ယှဉ်ပြိုင်မည့် လှေပြိုင်ပွဲဝင် လှေအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲတွင် အကြီးတန်း ၆ သင်း ၊ အငယ်တန်း ၂ဝ သင်း ၊ အမျိုးသမီးအသင်း ၅ သင်း စုစုပေါင်း ၃၁ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအား စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက် (တော်သလင်းလပြည့်နေ့) အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ချမ်းသာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)