ကျွန်းလှ ၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် သံပုရာပင် (ဗမာ) စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ကျွန်းလှမြို့မှာ နေအိမ်ခြံဝင်းတွေကကျယ်တော့ တစ်ပိုင်တစ်နိုင်အဖြစ် သီးနှံစုံနဲ့ နှစ်ရှည်သီးနှံများ စိုက်ပျိုးကြပါတယ်။ အခုခြံဝင်းအတွင်း နှစ်ရှည်ပင်ဖြစ်တဲ့ သံပုရာပင် (ဗမာ) သုံးပင်စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးပြီး သုံးနှစ်ခန့်မှာ အပွင့်များပွင့်ပြီး အသီးစတင်သီးပါတယ်။ အခုအခါ သံပုရာသီးများ ရောင်ချနေရပြီဖြစ်ပါတယ်။ ဗမာသံပုရာသီးက ဆေးဖက်ဝင်ပြီး လူကြိုက်များတဲ့အတွက် တစ်လုံး ငွေကျပ် တစ်ရာ၊ ရှားတဲ့အချိန်မှာ သုံးလုံးငါးရာနဲ့ ရောင်းရပါတယ်။ တစ်နေ့မိသားစုအတွက် ငွေကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိရရှိပါတယ်” ဟု သံပုရာပင် (ဗမာ) စိုက်ပျိုးသူတစ်ဦးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းများအတွင်း တစ်ပိုင်တစ်နိုင်အဖြစ် ဟင်းသီးဟင်းရွက်မျိုးစုံ၊ ပန်းမျိုးစုံ၊ နှစ်ရှည်ပင်မျိုးစုံ စိုက်ပျိုးကြသည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိကြပြီး တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေ ရရှိကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment