ရွှေတောင်မြို့နယ် အ.မ.က(ဖိုးသိန်းတန်)နှင့် အမက( ကြက်ဖြူတောင်) ကျောင်းတို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အ.မ.က(ဖိုးသိန်းတန်)နှင့် အမက( ကြက်ဖြူတောင်) ကျောင်းတို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲကျင်းပ

 



ရွှေတောင်  ၊ စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က(ဖိုးသိန်းတန်)နှင့် အမက( ကြက်ဖြူတောင်) ကျောင်းတို့တွင် ယမန်နေ့နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီပါဌာနဆိုင်ရာများပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.မ.က(ဖိုးသိန်းတန်)နှင့် အမက( ကြက်ဖြူတောင်) ကျောင်းရှိ ကျောင်းအုပ်ကြီးများက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်ဆင့်က ဆိုးဆေးများအကြောင်း၊ စားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန်သိကောင်းစရာအကြောင်း၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်နီလာမြင့်က သုံးစွဲရန်တားမြစ်ထားသည့် တိုင်းရင်းဆေးဝါးများနှင့် Mpox မျောက်ကျောက် ရောဂါအကြောင်းအသိပညာပေးဟောပြောခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြနည်းစနစ်မှူး ဒေါ်သပြေက အားကစားနည်း(၄)မျိုးနှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးပြီး ဒေါ်ရွှေဝတ်ရည်တိုးက "ကဒုကဒိက်ကဒေါ့ကဒက်" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များ အသီးသီးပြောပြခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ ရွေ့လျားစာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များကို ဖတ်ရှုကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)