သန်းခေါင်စာရင်းကောက်ယူရာတွင် ဘာသာစကား အခက်အခဲမရှိစေရေးအတွက် စေတနာရှင်လုပ်အားပေး တိုင်းရင်းသားများ၏ အကူအညီများကိုလည်း ရယူရန် လိုအပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

သန်းခေါင်စာရင်းကောက်ယူရာတွင် ဘာသာစကား အခက်အခဲမရှိစေရေးအတွက် စေတနာရှင်လုပ်အားပေး တိုင်းရင်းသားများ၏ အကူအညီများကိုလည်း ရယူရန် လိုအပ်

012

013

ပုသိမ်၊ စက်တင်ဘာ ၂၈

၂၀၂၄ခုနှစ်၊ ဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၆-၉-၂၀၂၄ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက (Video Conferencing) ဖြင့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ (၄)ရက်သာလိုတော့ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘာသာစကား အခက်အခဲမရှိစေရေးအတွက် စေတနာရှင်လုပ်အားပေး တိုင်းရင်းသားများ၏ အကူအညီများကိုလည်း ရယူရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေးအတွက်  စာရင်းစစ်၊ စာရင်း ကောက်သင်တန်းကို နိုင်ငံတစ်ဝှမ်း ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်၍  အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်မည့်အပြင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက်လည်း လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ” အမှာစကားများ ပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ၊ သန်းခေါင်းစာရင်း၏ ဝိသေသလက္ခဏာများ၊ သန်းခေါင်စာရင်းအသုံးဝင်ပုံ၊ ရည်ရွယ်ချက်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် တိကျမှန်ကန်သော လူဦးရေအချက်အလက်များ ရရှိရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင်  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းအား တာဝန်ရှိသူများက သင်တန်းပို့ချနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး သင်တန်းမှ ပို့ချပေးသည့် သင်ခန်းစာများအား သေချာစွာမှတ်သားရန်၊ ကောင်းမွန်စွာ သဘောပေါက်နားလည်ရန်၊ မရှင်းလင်းသည်များကို တင်ပြဆွေးနွေးကြရန်နှင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နိုင်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ဓာတုဗေဒဌာန၊ တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား၊ ကျောင်းသူများနှင့် မဟာသိပ္ပံအရည်အချည်းစစ် ကျောင်းသား၊ ကျောင်းသူများ၏ စာတမ်းဖတ်ရှုနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ဌာန၊ မိမိတို့ တိုင်းဒေသကြီးအတွက် အကျိုးပြုနိုင်မည့်စာတမ်းများ ပေါ်ထွက်လာနိုင်စေရေး ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages