ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စဉ်ဆက်ပညာရေး လုပ်ငန်းအတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စဉ်ဆက်ပညာရေး လုပ်ငန်းအတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ




ကျိုင်းတုံ ၊   စက်တင်ဘာ ၂၀


ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်း တစ်ခုဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်  ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာဝင်း‌ဖေတို့က အမှာစကားပြောကြားပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး(စာတတ်မြောက်ရေး) (တာဝန်) ဦးအောင်နိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် စဉ်ဆက်ပညာရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနမှ ပံ့ပိုးသွားမည့် အခြေအနေများ ရှင်းလင်းတင်ပြသည်။


ထို့နောက်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်(၄)မြို့နယ် စဉ်ဆက်ပညာ‌ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ရှမ်းအရှေ့၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်က စဉ်ဆက်ပညာရေးလုပ်ငန်းအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊  လူမှုရေးအဖွဲ့အစည်းများက အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပြီးသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း မြို့နယ်(၄)မြို့နယ်တွင် ဆောင်ရွက်မည့်  စဉ်ဆက်ပညာရေး အစီအစဉ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) တို့က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်(၄)ခုတွင် စဉ်ဆက်ပညာရေးလုပ်ငန်းအတွက် နည်းပြသင်တန်းတွင် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် ဘဝသာယာရေးအတွက် အသိပညာပေးခြင်း အစီအစဉ် (၃)ခုပါဝင်သည့် စဉ်ဆက်ပညာရေးဆိုင်ရာ အကြောင်းအရာများကို စာသင်သား ပြည်သူများအား သင်ကြားပေးမည့် စေတနာလုပ်အားပေး နည်းပြများနှင့် ကြီးကြပ်များအား အောက်တိုဘာလ (၇) ရက်မှ (၁၁) ရက်အထိ  ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)