ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ စက်ချုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ စက်ချုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်




ဟားခါး ၊ စက်တင်ဘာ ၆


အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ စက်ချုပ် နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကမ္ဘာ့ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများကို လေ့လာကြည့်ပါက ဒေသတွင်း MSME ဟုခေါ်သော အသေးစားစက်မှု/လက်မှု လုပ်ငန်းငယ်လေးများ ဖွံ့ဖြိုးအောင်မြင်ခြင်းကြောင့် စက်မှုလုပ်ငန်းကြီးများ ထူးထောင်နိုင်ပြီး ကမ္ဘာ့အလယ်တွင် အင်အားကြီး စက်မှုနိုင်ငံများအဖြစ် ရပ်တည်နိုင်ကြခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့နိုင်ငံကလည်း အသေးစားစက်မှု/လုပ်မှုလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း၊ ချင်းပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အသေးစားစက်မှု/လက်မှု ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာရေးသည် အခြေခံကျသော အချက်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပေးသည့် နည်းပညာကို အသုံးချ၍ မိမိဆင်မြန်းလိုသည့် အထည်ဒီဇိုင်းပုံစံမျိုးစုံကို ကိုယ်တိုင်ချုပ်လုပ် ဝတ်ဆင်နိုင်သည့်အပြင် ပြင်ပမှ လာရောက်အပ်နှံသည့် အထည်များကိုလည်း အခကြေးငွေရယူ၍ ချုပ်လုပ်ပေးနိုင်ခြင်း၊ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်းနှင့် သင်တန်းသူများအားလုံးအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်လေးများ ထူထောင်နိုင်ပြီး အောင်မြင်ကြီးပွားတိုးတက်သော လုပ်ငန်းရှင်ကြီးများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း  တောင်းပေးအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။ ယင်းနောက် ချင်းပြည်နယ်အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ထူးချွန်သင်တန်းသူများဖြစ်ကြသော ဒေါ်ဂျေနဗီဇိန်ဗျက်ပါရ်၊ ဒေါ်ဟုန်းလိုင်း၊ ဒေါ်ထာသိာမ်၊ ဒေါ်ဌေးနော်နှင့် ဒေါ်လဲန်ဆုန်တို့အား ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းသုံးစက်ပစ္စည်း ကိရိယာများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်ကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း၊ သင်တန်းထွက်ကုန်ချောများကို ပြည်နယ်အသေးစား စက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း ပေးအပ်ချီးမြှင့်ကြ၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ခင်းကျင်းပြသထားသည့် သင်တန်းထွက်ကုန်ချောများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)