ပေါင်မြို့နယ်၌ နွားမေထုန်မဲ့ သားစပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄ / မွန်) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ နွားမေထုန်မဲ့ သားစပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄ / မွန်) ဖွင့်လှစ်




ပေါင်၊ စက်တင်ဘာ  ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့ သားစပ် သင်တန်းအမှတ်စဉ်(၂/၂၀၂၄ / မွန်)ဖွင့်ပွဲအခမ်းအနားကို  ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သထုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သက်နိုင်က  မေထုန်မဲ့သားစပ်ခြင်း၏ အဓိပ္ပာယ် အကျိုးကျေးဇူးများနှင့်ဆိုးကျိုးများ၊နွားမ၏ မျိုးပွားအင်္ဂါ၊မြိုင်သံသရာနှင့်မြိုင်စစ်ဆေးခြင်း၊မေထုန်မဲ့သားစပ်ခြင်း၊သန့်ရှင်းမှုဆိုင်ရာ ဆောင်ရွက်ရန်အချက်များကိုဂရုစိုက်မှတ်သားပြီးသင်တန်းပြီးစီးသည်အထိတက်ရောက်ကြရန်နှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း‌ ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ဂျူးမြတ်ချယ်လင်း  က နို့နှင့်နို့ထွက်ပစ္စည်းများသည် ယခုအခါ ကြိုက်နှစ်သက်မှုများသည့်အတွက် ပိုမိုထုတ်လုပ်နိုင်ရန် နွားမေထုန်မဲ့ သားစပ်ခြင်းသည် အကျိုးကျေးဇူးများစွာရရှိကြောင်း အမှာစကားပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင် က စိုက်ပျိုးရေး၊မွေးမြူရေးသည် ကဏ္ဍအလိုက် အရေးပါသည့်အတွက် နို့နှင့်နို့ထွက်ပစ္စည်းများသည် နိုင်ငံတော်အတွက် အလွန်ပင်အရေးကြီးသည့်အတွက် ယခုတက်ရောက်ကြသည့်သင်တန်းသားများက ပူးပေါင်းဆောင်ရွက်မှသာ  မွေးမြူရေး  ကဏ္ဌ နှင့်ထုတ်လုပ်မှု ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း ၊လိုအပ်လျှင် နိုင်ငံတော်က ချေးငွေတွေပါ ထုတ်ပေးသွားမည်ဖြစ်ကြောင်းအမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ (၁၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ ( ၅ )ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပေါင်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးလုပ်သား (CAHW) (၁၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)