ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား လုပ်ငန်းခွင်လေ့ကျင့်သင်ကြားပေးနေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား လုပ်ငန်းခွင်လေ့ကျင့်သင်ကြားပေးနေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ စက်တင်ဘာ ၆

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရ အေဂျင်စီဖြစ်သည့် VDM Co., Ltd ၌ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လမ်းကြောင်းမှ လွှဲပို့စေရေး၊ ထိုင်းနိုင်ငံ၏ ဥပဒေများ၊ ယဉ်ကျေးမှုများနှင့် လုပ်ငန်းခွင်အတွင်း လိုက်နာရမည့် စည်းကမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းခွင်အကြိုသင်တန်း သင်ကြားပို့ချနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Longsheng Fashion Co., Ltd အထည်ချုပ်စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ ကျန်းမာရေးတာဝန်ခံများနှင့်တွေ့ဆုံ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု လျော့နည်းကျဆင်းစေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ အလုပ်သမားများ လုပ်ငန်းခွင်စည်းကမ်းလိုက်နာစေရေးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်(EC) ကို အလုပ်သမားငါးဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် EC စာချုပ်ချုပ်ဆို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အလုပ်သမားများ၏ တိုင်ကြားစာများနှင့်ပတ်သက်၍ တိုင်ကြားမှုယန္တရားနှင့်အညီ တည်ဆဲဥပဒေများအရ သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် မြို့နယ်တာဝန်ခံအရာရှိများက တိုင်ကြားသူနှင့် တိုင်ကြားခံရသူများကို ခေါ်ယူညှိနှိုင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

စက်ရုံအတွင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်းအလုပ်သမားများ အေးချမ်းစွာ အလုပ်လုပ်ကိုင်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)