ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်တွင် နီပိန်း ပဒက်များ၏ လက်ချက်ကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်တွင် နီပိန်း ပဒက်များ၏ လက်ချက်ကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရ

007008

009010

011

012

017

020


ရန်ကုန်၊ စက်တင်ဘာ ၃၀

ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း၊ ကမ်းနားလမ်း၊ စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ၁၂ ၁၀ အချိန်တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာများ၏ လက်ချက်ဖြင့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်လဝကမှ Smart Card ပြုလုပ်ရန် ပြင်ဆင်ပြုလုပ်နေစဉ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ရေဘေးအတွက် (စိစစ်ဆဲ)မှ လာရောက်လှူဒါန်းထားသည့် ခေါက်ဆွဲခြောက် ကတ္တူဖာအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ဦးအောင်မြင့်(ခ)တဲကြီး ၌ ခြေထောက်(စိစစ်ဆဲ) အစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ Smart Card ပြုလုပ်ရန် လာရောက်စောင့်ဆိုင်းနေသူများဖြစ်သည့် ဦးစိန်သန်းဌေး၊ ဦးစန်းထူး၊ ဦးသန်းဆွေဦး နှင့် မမိုးစန်း တို့၌ ခြေထောက်(စိစစ်ဆဲ) များဥ အစထိမှန်ဒဏ်ရာများ မစိုးရိမ်ရ အသီးသီး ရရှိခဲ့သည်။ 

NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ နီပိန်း ပဒက်များမှာ ကမ်းကုန်အောင် ကောက်ကျစ်ယုတ်မာသူများဖြစ်ပြီး ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သည်များ ကူညီထောက်ပံ့နေချိန်တွင် အခွင့်ကောင်းယူ၍ ခေါက်ဆွဲခြောက် ဖာအတွင်း ဖောက်ခွဲရေးပစ္စည်း ထည့်သွင်းပေးပို့ထားရာမှ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages