ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ




ပုသိမ်၊ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးသို့လာ‌ရောက်၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုများအား သက်ဆိုင်ရာဌာနများက လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ဆန်စပါးထုတ်လုပ်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဆန်စပါးနှင့်ပတ်သက်၍ လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့် ဆန်အရည်အသွေးများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် အရည်အသွေးမီသည့် ဆန်စက်များဖြစ်ရန်လိုပါ ကြောင်း၊ လာရောက်လျှောက်ထားသည့် ကုမ္ပဏီများနှင့်ပတ်သက်၍ ကော်မတီဝင်များကလည်း  သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်မည့် အစီအစဉ်အလားအလာကောင်းများကိုလည်း ရှင်းလင်းတင်ပြပေးကြ စေလိုကြောင်း” အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးနှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့က ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Arise Company Limitedက ဆန်ကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းကိုဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းကိစ္စအား  ရှင်းလင်းတင်ပြခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။


လှမင်းထွဋ် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)