ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသည့် စိုးမြင့်၊ သာလွန်ဇောင်းထက်၊ ဆွေဝင်းတို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသည့် စိုးမြင့်၊ သာလွန်ဇောင်းထက်၊ ဆွေဝင်းတို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲမည်


နေပြည်တော်၊ စက်တင်ဘာ ၉

ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသည့် စိုးမြင့်၊ သာလွန်ဇောင်းထက်၊ ဆွေဝင်းတို့ကို ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲ၊ ရုပ်သိမ်း၊ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ ဖြေကြားထားသည်။

ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသူများနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖြေကြားချက်အရ Mizzima ပြည်ဖျက်မီဒီယာ ကို ဦးဆောင်သူ စိုးမြင့်၊ Khit Thit ပြည်ဖျက်မီဒီယာကို ဦးဆောင်သူ လှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက် နှင့် Myanmar Now အမည်ခံ ပြည်ဖျက်မီဒီယာမှ သံဃာတော်များကို အဓိက ပစ်မှတ်ထား စော်ကားနေသူ လူရမ်းကား ဆွေဝင်း တို့နဲ့ ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက အမည်မည်းစာရင်း (Black List) နဲ့ ပို့ထားပြီးဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလှုံ့ဆော်သူတချို့ နိုင်ငံသားစာရင်းက ပယ်ဖျက်ခဲ့ပြီးဖြစ်သော်လည်း ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသူများမှာလည်း ပြည်ပြေး များပင် ဖြစ်ပါကြောင်း၊ အလားတူ ဆောင်ရွက်တာမျိုး မတွေ့ရတဲ့အပေါ်မှာ အမည်မည်းစာရင်း (Black List) နဲ့ ပေးပို့ထားတဲ့ စိုးမြင့်၊ သာလွန်ဇောင်းထက်၊ လူရမ်းကား ဆွေဝင်း တို့ကို နိုင်ငံသားစာရင်းက ပယ်ဖျက်ရန် အစီအစဉ် ရှိ/ မရှိ၊ ဒီကိစ္စအပေါ် အလေးထားဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ ဖြေကြားပေးစေလိုပါကြောင်း မြန်မာနေရှင်နယ်ပို့စ် က မေးမြန်းခဲ့သည့်အပေါ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ  ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲ၊ ရုပ်သိမ်း၊ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)