ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးခရိုင်အဆင့်နည်းပြသင်တန်းများဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးခရိုင်အဆင့်နည်းပြသင်တန်းများဖွင့်လှစ်

 


ရန်ကုန်  ၊ စက်တင်ဘာ ၄


မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင်တွင် ခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားများကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းပို့ချလျက်ရှိရာ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ပို့ချလျက်ရှိသော ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့်နည်းပြသင်တန်းများသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျောက်တံတားခရိုင်နှင့် အလုံခရိုင်သန်းခေါင်စာရင်းကော်မတီတို့၏ ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်သင်ကြား ပို့ချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားကာ သင်တန်းသား/ သူများနှင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများထံသို့ သန်းခေါင်စာရင်းကောက်ယူခြင်း ဆိုင်ရာအထောက်အကူပြုပစ္စည်းများဖြစ်သည့် အင်္ကျီနှင့်ဦးထုတ်များကိုပေးအပ်ခဲ့ကြကြောင်း သိရသည်။


ခရိုင်အဆင့်နည်းပြသင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင်တို့တွင် သင်တန်းသား(၄၄၄)ဦးတို့ဖြင့် စက်တင်ဘာလ(၃)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ လူဦးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း စာရင်းစစ်(၁၃၇၉)ဦးနှင့် စာရင်းကောက်(၆၁၆၅)ဦး စုစုပေါင်း(၇၅၄၄)ဦးတို့ဖြင့် ကောက်ကွက်ပေါင်း(၁၅၆၈၆)ကွက်ကို အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet များဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)