သမ္မတပူတင် က ရုရှားနှင့် မြောက်ကိုရီးယားတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာအောင် ထိန်းသိမ်းသွားမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမ္မတပူတင် က ရုရှားနှင့် မြောက်ကိုရီးယားတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာအောင် ထိန်းသိမ်းသွားမည်ဟုဆို


မော်စကို၊ စက်တင်ဘာ ၉

လက်ရှိတွင် နှစ်နိုင်ငံဆက်ဆံရေး မြင့်မားလျက်ရှိသော ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့်အညီ ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ခိုင်မြဲစေမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

"မိတ်ဆွေကောင်းနဲ့ အိမ်နီးချင်းကောင်းတွေရဲ့ ဓလေ့ထုံးတမ်းတွေကို အခြေခံထားတဲ့ ကျွန်တော်တို့နိုင်ငံတွေကြား ဆက်ဆံရေးဟာ မြင့်မားတဲ့အဆင့်မှာ ရှိနေပါတယ်၊ ဒါကို ပြုံးယမ်းမှာ မကြာသေးမီက အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေက အပြည့်အဝ အတည်ပြုခဲ့ပါတယ်" ဟု ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အား ဂုဏ်ပြုသော ကြေးနန်းစာ၌ ပြောကြားခဲ့သည်။ 

"ပူးတွဲကြိုးပမ်းမှုတွေနဲ့အတူ ရုရှားနဲ့ မြောက်ကိုရီးယားကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တဖြည်းဖြည်း ခိုင်မြဲအောင် ဆက်လက်လုပ်ဆောင်သွားမှာ သေချာပါတယ်" ဟု ပူတင်က မှတ်ချက်ပြုခဲ့သည်။ "ဒါဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အဓိက အကျိုးစီးပွားနဲ့ ကိုက်ညီပြီး ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက် အာရှဒေသမှာ ယေဘုယျအားဖြင့် လုံခြုံရေးနဲ့ တည်ငြိမ်ရေး အာမခံချက်ရှိရေး လမ်းစဉ်နဲ့ ကိုက်ညီပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။


Ref - TASS

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)