တပ်ကုန်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဗီယက်နမ်နိုင်ငံသား ဘုန်းတော်ကြီးမှ အလှူငွေများ လာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဗီယက်နမ်နိုင်ငံသား ဘုန်းတော်ကြီးမှ အလှူငွေများ လာရောက်လှူဒါန်း




တပ်ကုန်း ၊ စက်တင်ဘာ ၁၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆရာတော် အရှင် ဉာဏိဿရ (ခ) HUYNH QUOC VUONG နှင့် ဗီယက်နမ်နိုင်ငံမှ တပည့်ဒါယကာ၊ ဒါယိကာမများမှ လှူဒါန်းငွေ ကျပ် ၁၀၀ သိန်းအား ယမန်နေ့ ညနေ ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ လှူဒါန်းငွေများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင် ဗိုလ်မှူး ဝင်းထွဋ်အောင်တို့က လက်ခံယူခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)