နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၈

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက် ၃၀x၇၄ လမ်းထောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးဝင်းအတွင်းရှိ မန်းတောင်ရိပ်ကိုးထပ်ဆောင် ကိုးလွှာရှိဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ကျော်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် ဆရာဝန်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲ၊ သတင်းရဲတပ်ဖွဲ့ခွဲတို့မှ အရာရှိ ၃၈ ဦး၊ အခြားအဆင့် ၇၂ ဦး၊ စာရေးဝန်ထမ်းသုံးဦး၊ စုစုပေါင်းသွေးလှူရှင် ၁၁၃ ဦးတို့ကို သွေးလှူဘဏ်တာဝန်ခံ ရောဂါဗေဒဆရာဝန်ကြီး ပါမောက္ခဒေါက်တာနီလာဝင်း၊ အထူးကု ဆရာဝန်ဒေါက်တာစုလှိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်၍ သွေးဖောက်လက်ခံရယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ သွေးလှူရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားဆေး၊ အာဟာရဖြည့်စွက်စာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

ထို့နောက် သွေးအလှူရှင်များကိုယ်စား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က သွေးအိတ်များကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)